………………………..

 

ဟေရှာ၊၆၆း၁၇ တဖန်မိန့်တော်မှုကား၊ ဝက်သား၊ ကြွက်သား၊ ရွံရှာဘွယ်သော အရာကို စားလျက်ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ် စေသော သူတို့သည် တပြိုင်နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊၊ သူတို့၏ အကျင့်တို့ကိုင်း၊ အကြံအစည်တို့ကိုင်း ငါသိ၏၊၊

ဝက်သားကိုစားလျှက် ဥယျာဉ်အလယ်ရှိ အပင်အောက်တွင် ပျက်စီးသူနှင့် သူ့နောက်လိုက်သူတို့သည် အဆုံးတွင် ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်တဲ့…….

စဉ်းစားမိတယ်…

ညာဏ်မမှီလို့ပဲထင်ပါရဲ့ ဘယ်သူကိုဆိုလိုမှန်းလည်းမသိဘူးဖြစ်နေတယ် သိတဲ့သူရှိရင် ကွန်မင့်ပေးရင်းဖြေကြားပေးကြပါဦးဗျာ….

 

 

 

 

 
 

 

 
မင်းကိုငါနည်းနည်းလေးမေးကြည့်မယ်နော် မှားရင်လည်းပြောပေါ့?
မဟုတ်ဘူးလား?
ဟဲ….ဟဲ….ဟဲ….ဟဲ….ဟဲ….ဟဲ….ဟဲ….ဟဲ….
ကဲစတော့မယ်နော် ?
ဟဲ….
ဟဲ….
ဟဲ….
ပဒုမ္မာဒေ၀ီက ကလေးငါးရာမွေးတာ ငါးနဲ့ရလို့လား? ဒါမှမဟုတ် ဖားနဲ့ရလို့မွေးတာလား?
သူ့ဗိုက်ကဘယ်လောက်ကြီးလို့လဲ?
ပွင့်တောင်မွေးနိုင်မယ်မထင်ဘူးနော်?

နောက်ရသေ့ကြီးသေးကို သမင်မကသောက်လို့ ကလေးမွေးတယ်တဲံ ?
ဘယ်လိလိုကြီးလဲ သိချင်လိုက်တာ?
ရသေ့ကြီးက သေးမပေါက်ဘဲ ဘာတွေများပေါက်လိုက်တာလဲနော်?
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….

နောက်ရှီသေးတယ်
လမှာကယုန်ရုပ်တဲံ
နေမှာက ဥဒေါင်းတဲ့
ဘယ်ပညာရှင်မှမသိကြပါလား?
တော်တော်အာဖျံကွီးတဲ့ ဂေါတမနော်?
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….

နောက်ရှိသေးတယ်
ဂေါတမပေါက်စက မာယာဗိုက်ထဲရှိစဦ သည်ပေါက်စနလေးက မိခင်ဝမ်းမှာ ထိုင်နေတာကိုမြင်ရတယ်တဲ့?
မာယာဗိုက်၊ အသားက ဘယ်လိုအသားမျိုးလဲ အခုမြန်မာတွေအတွက်လုပ်ထားတဲ့ Jas ဖုန်းထက်တောင်ပါးလွာသေးပဲ?
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဒါဖြင့်မသိလို့မေးမယ် သူ့ဗိုက်ထဲက အခြားအရာတွေရောမမြင်ရတော့ဘူးလား ဟိုလေ သုဒ္ဒေါဓနနှင့်နှစ်ပါးခွင့် ကမြင်းကျချိန်မှာလဲ သူ့ရဲ့ဖွားဖက်တော်လေးကို ဘယ်လိုလမ်းကြောင်းမှာသွားနေတယ်ဆိုတာ မြင်ရမှာပဲနော်?
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….

စိတ်မဆိုးနဲ့နော်?
သဘောကောင်းရင် နောက်မေးစရာတွေအများကြီးကျန်နေသေးတယ်?
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….
ဟဲ….

ကျွန်ုပ်တို့အရပ်ဒေသတွင် လူတိုင်းသိသော အနာဂတ္တိစကားဖြစ်ငြားလည်း၊ ငယ်ရွယ်စဉ်က ကျွန်ုပ်အတွက် ထိုအရာသည် အရေးပါသည်ဟု ထင်မှတ်မထားခဲ့ပါ။ ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာသည်နှင့်အမျှ ထိုအရာသည် သာ၍သာ၍ အရေးပါလာခဲ့ရလေတော့သည်။ တမလွန်လွတ်ရာလမ်းကို ကုသိုလ်ကောင်းမှု အားဖြင့် မရနိုင်မှန်း သိလာရပြီး ကြွလာသော ( အရိမေတ္တယျ) မေတ္တာတော်ရှင် ဘုရားအား ယုံကြည်ကိုးစားခြင်းရှိမရှိနှင့်သာ ဆိုင်ကြောင်းနားလည်လာရလေသည်။ ဗုဒ္ဓကိုယ်တော်တိုင်ပြောသော အနာဂတ္တိစကားတွင် ကျွန်တော်တွေ့လာရပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ( တိပိဋကကျမ်း ၂၇ အုပ်မြောက်၊ စာ ၂၃ ) ယနေ့တိုင်ရှိနေပါသည်။

ဘုန်းတော်ကြီး သီရိဝိသုဒ္ဓိဝံက ချင်းမိုင် ( Phra Sing ) တွင် ကျွန်တော့်ကိုပေးခဲ့ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓသည် တစ်နေရာမှ တစ်နေရာသို့သွားလာစဉ် အိန္ဒိယပြည် ဗြဟ္မဏနွယ်ဝင် တစ်ဦးက ရောက်ရှိလာပြီး အောက်ပါအတိုင်းမေးခဲ့လေသည်။
“အဘယ်ကဲ့သို့သော တရားရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း၊ ပေးလှူခြင်းအားဖြင့် လူသည် ( သို့ )  ဗြဟ္မာတို့သည် အပြစ်တရားမှ လွတ်နိုင်အံ့နည်း? “
ဂေါတမက-
“အလှူဒါနပြု၍၊ ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံ၍ ၂၂၈ သွယ်သော ၀ိနည်းကို နိုင်သည်သာမက ဗုဒ္ဓဘာသာဝင်စင်စစ် ထူးကဲ့လှစွာ လက်အုပ်ချီရာတွင် ထောင်သောင်းမကသော အကြိမ်ဖြင့် တစ်ရက်ကို ငါးကြိမ် ရှုမှတ်သော်လည်း ဆံခြည်၏ ရှစ်စိတ်မျသော အကျိုးတရားကို မရနိုင်ရာ။ ထိုမျှမက မိခင်ဝမ်းမှာ ရှိသော သန္ဓေသားပင် လွတ်ရာတံခါးဝသို့ မချဉ်းကပ်နိုင်ရာ´´ ဟုဆိုသောအခါ ဗြဟ္မဏက
“ ထိုသို့ဆိုပါက အကျွန်ုပ်တို့သည် မည်သို့ ကျွတ်လွတ်ရနိုင်ပါအံ့တော့နည်း? ´´
“လူတို့၏ အပြစ်သည် များပြားလှသည်၊ ကောင်းကင်ထက်မြင့်၍၊ မြေထုနှင့်အမျှနက်၏၊ ကောင်းကင် နတ်တစ်ပါးသည် ၁၈ လက်မခန့်ထူ၍ ကျစ်လစ်သိပ်သည်းသော ကျောက်တုံးကိုလာ၍  နှုးညံ့သော ဂွမ်းဖြင့် ညှင်သာစွာ လာရောက်ပွတ်တိုက်၏၊ ကျောက်တုံးသည် လုံးပါးပါး၍ ပျောက်ကွယ်ငြားက အပြစ်သည်ကား ပျောက်ကွယ်ငြားအံ့၊ ငါတို့သည် ကိုယ်တိုင်ပင်လျှင် သားမယား၊ စည်းစိမ်၊ လောဘ၊ ဒေါသ၊ မောဟတွေကို ပယ်၍ ဘုန်းကြီးဖြစ်လာကာ ကိုယ်ကျင့်တရားတွင် စံပြဖြစ်သော်လည်း ၎င်းအတိုင်း ဘ၀အဆက်ဆက် ပြုသော်လည်း အပြစ်ငရဲမှ လွတ်ခြင်းငှါ မစွမ်းသာသေးချေ´´
“ထိုသို့ဆိုပါက ကျွန်ုပ်တို့ကား အဘယ်သို့လွတ်နိုင်ပါအံ့နည်း? ´´
“ သင်သည် အလှူအတန်းကိုပြု၍ နောက်ကြွလာလတံ့သော ကယ်တင်ရှင်ကို စောင့်မျှော်ခြင်းက သင့်အတွက် သင့်တော်ပေလိမ့်မည်၊ သူ၏အမည်ကား အရိမေတ္တယျ ( ရန်သူဖြစ်လျှက်ပင် မေတ္တာထား သောဘုရား ) ဘုရားဟူ၍ခေါ်ပြီး ထိုကယ်ချွတ်ရှင်ဘုရားသည် ငါမရှိမှီရှိ၍ ငါ့နောက်ကြွလာပေလိမ့်မည်´´
“ ထိုဘုရားအား အဘယ်သို့သော နိမိတ်လက္ခဏာအားဖြင့် သိနိုင်ပါအံ့နည်း?´´
“လောကတစ်ခွင်လုံးကို ကယ်တင်ရန်ကြွလာမည့် အရှင်၏ လက်တွင်၎င်း၊ ခြေတွင်၎င်း သံချက်ရာကို တွေ့ရလိမ့်မည်၊ နံဘေးတော်တွင်လည်း ထိုးနှက်ခြင်းကိုခံရ၍ ခေါင်းတော်တွင်လည်း ဆူးဦးရစ်ကို ဆောင်လိမ့်မည်၊ ထိုအရာကို သင်သည်မြင်တွေ့သောအခါ ထိုအရှင်သည် လူသားအားလုံးတို့အား သံသရာ ၀ဲဂယက်မှ လွတ်မြောက်စေမည့် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်လေသည်။ သင်သည် ရတနာသုံးပါးကို တွေ့မြင် ရမည်၊ လမ်းဟောင်းကို မလိုက်လေနှင့် သံသရာမှ လွတ်နိုင်မည်မဟုတ်။ လမ်းဟောင်းကိုစွန့်ပယ်၍ အထက်အရပ်မှ ၀ိညာဉ်တော်သည် မီးသဖွယ်သင့်နှလုံးတွင် ၀င်ရောက်၍  ထာဝရကာလတိုင်အောင် အို၊ နာ၊ သေခြင်းကင်းရာ လမ်းသို့ပို့ဆောင်ပေးလိုက်မည်´´ ဟူ၍ ဖြေဆိုထားလေသည်။

အောက်ဖေါ်ပြပါ  လင်္ကာသည် အနာဂတ၀ံကျမ်းမှ ဖွဲ့ဆိုထားခြင်းပင်ဖြစ်သည်။

“အကျွန်ုပ်တို့ပြောသော ကယ်တင်ရှင်သည် ၀တ်ဖြူစင်ကြယ်ဖြင့်

ကြယ်စင်နှင့်အမျှ ထွန်းတောက်တော်မူ၏
ရွှေမဂ္ဂင်ဖေါင်သဖွယ် ဆင်းကြွတော်မူ၍
နန်းအမတကို ပို့ဆောင်တော်မူလတံ့
အမည်နာမသည်ကား  ရန်သူဖြစ်လျှက်ပင် မေတ္တာထားသောဘုရားမည်၏

ထိုအရှင်ကို လျှစ်လျှူမရှုဘဲ ကိုးကွယ်ဆည်းကပ်ကြကုန်အံ့´´

ဗုဒ္ဓဂေါတမ၏ အနာဂတ၀ံ စကားများနှင့် ခရစ်တော်၏ သက်တော်စဉ်ကို ချိန်ထိုးသောအခါတွင် အောက်ပါအတိုင်း ကျွန်ုပ်အဆုံးတိုင်ခဲ့လေသည်။
ဂေါတမနှင့် ဗြဟ္မဏတို့အမေးအဖြေကား အလွန်တရာမှပင် အရေးပါလှသော မဂ္ဂင်ရှစ်ပါးသို့ဦးဆောင်ညွှန်ပြနေမှန်း သိသာလှပေသည်။

၁။ လောကီသားတိုင်း အပြစ်မှ လွတ်မြောက်ရန်လို။

ဗြဟ္မဏကသူ၏ ဆန္ဒရှိသည့်အတိုင်း ဂေါတမနှင့် ဆွေးနွေးခဲ့ကြခြင်းက ကျွန်ုပ်ကို အဖိုးထိုက်သော သင်္ခန်းစာကို ရစေခဲ့သည်။ ထိုအရာကား လူမျိုးရေး၊ ဘာသာရေးခွဲခြားခြင်းမရှိ၊ နာမ်အသိစိတ်ဖြင့် လူတိုင်းသည် အပြစ်ဆိုသော ၀ဲသြဃမှ လွတ်မြောက်လိုကြခြင်းပင်ဖြစ်သည်။
လူပေါင်းမြောက်များစွာက ကိုးကွယ်ယုံကြည်မှု၏ အန္တိမပန်းတိုင်မသိရှိကြ ဘိုးစဉ်ဘောင်ဆက် ရိုးရာ ဓလေ့တို့နှင့်အညီ ဖာသိဖာသာမျက်ကန်း သဘောဖြင့် ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ အမှန်တကယ် မိမိတို့၏ လိုအပ်နေချက်များကိုလည်း ကောင်းစွာနားမလည်ကြ ထို့ကြောင့်လည်း ဗုဒ္ဓပြောခဲ့သလို အကျွတ်တရားလမ်းကယ်တင်ရှင်ကိုလည်း စိတ်မ၀င်စားကြခြင်းပင်ဖြစ်သည်။
ဗြဟ္မဏလိုလူမျိုး မိမိ၏နောင်တမလွန် အကျွတ်တရားလမ်းသို့ သိလို၍ မိမိ၏ ဘ၀အမှန်နှင့် အန္တိမ ပန်းတိုင်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိသူ မည်သူမဆိုကြုံဆုံလာမည့်အဟန့်အတား ( မာရ်နတ်မင်း ၏ တားဆီးမှု ) များအားရင်ဆိုင်ကျော်လွားကာ အကျွတ်တရားလမ်းစဉ်ကို ရှာဖွေကိုပေတော့မည်။

၂။ ကုသိုလ်တပဲ ငရဲတပိဿာ။

ဗြဟ္မဏာ၏ အမေးဖြစ်သော “အဘယ်ကဲ့သို့သော တရားကိုရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း အားဖြင့် မိမိဘ၀ကို အပြစ်တရားမှ ကင်းလွတ်ရပါအံ့နည်း? ´´ အထက်ပါမေးခွန်းသည် မေးသင့်သော မေးခွန်းဖြစ်၍ လူသားတိုင်း မေးသင့်လှသော စန်းစစ်သင့်သောအရာပင်ဖြစ်သည်။ ဗုဒ္ဓက ထိုမေးခွန်းအတွက် အဖြေစကားကို သုံးခွန်းပေးခဲ့လေသည်။
( ၁ ) အပြစ်ကြီးလေးမှု။
( ၂ ) အပြစ်နှင့် ကိုယ်ကျင့်တရားကို ကွဲပြားစွာပြောဆိုခြင်း။
( ၃ ) အပြစ်ကိုဖယ်ရှားရန်နည်းစနစ်။
အပြစ်နှင့်ပါတ်သက်၍ ဗုဒ္ဓက “အပြစ်သည် မိုးထက်မြင့်၍ မြေကြီးထက်နက်၏´´ ဆိုသော အရာသည် မည်သည့်အရာနှင့်မဆို နှိုင်းယှဉ်၍ မရနိုင်ကြောင်း ပြောဆိုခြင်းပင်ဖြစ်သည်။ အဆိုပါစကား သည် အကြွင်းမဲ့ သစ္စာစကားဖြစ်သည် လူသားတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားရှင်၏ စကားတော်အား နားမထောင်ခြင်းနှင့် ထိုအရှင်အစား ရုပ်တုဆင်းတုတို့ကို ပြုလုပ်ကိုးကွယ် ချီးမြောက်ခြင်းတို့သည် လူသားတို့၏ မဟာအမှားပင်ဖြစ်သော ပြစ်မှားခြင်းပင်ဖြစ်သည် ( ရောမ ၁း၂၁ )။
လူသည် စာတန်မာရ်နတ်အားနာခံ ကိုးကွယ်ခြင်းဖြင့် အပြစ်တရားစခဲ့သည် ( ကမ္ဘာဦး ၃း၁-၇ ) ၊ တဖန် ဖန်ဆင်းရှင်အစား ဖန်ဆင်းခံအရာများကို ကိုးကွယ်ခဲ့ကြသည် ( ရောမ ၁း၂၁-၂၅ )။ ထိုအရာတို့သည် ကြီးမားဆုံးသော ကံကြီးထိုက်စေသည့် အပြစ်ဖြစ်သောကြောင့်  အပြစ်တရားကို မပယ်ခွါနိုင်ဘဲ အပြစ်၏ အဖိုးအခအဖြစ် သေခြင်းတည်းဟူသော ရလာဒ်ကို ခံစားရခြင်းပင်ဖြစ်သည်။
ဗုဒ္ဓက အပြစ်နှင့် ကိုယ်ကျင့်တရားကို ကောင်းစွာ ရှင်းပြခဲ့ပြီး “ အကုသလံ ကုသလံ´´ ဆိုသော စကားဖြင့် အပြစ်နှင့် ကင်းလွတ်သော ကောင်းသောအမှုကို ပြုသောသူမရှိကြောင်းဆိုခဲ့လေသည်။ ထို့ကြောင့် မည်သူမဆို မိမိ၏ ကိုယ်ကျင့်တရားအားဖြင့်  အကျွတ်တရားကို ရယူလိုသောသူတိုမည်သည် ဗုဒ္ဓ၏သွန်သင်ချက်နှင့် လားလားမှ မဆိုင်လွဲမှားနေသော ဒိဌိအယူမှားများပင်ဖြစ်သည်။ လူသည် အပြစ်တရားအား မည်သို့ မှ ပယ်သတ်နိုင်စွမ်းမရှိ၊ မိမိ၏ ဘာသာတရားနှင့် အဖွဲ့အစည်းတွင်လည်း မှီခိုကိုးစား၍ မရပါ၊ အကြောင်းမူကား “ ကောင်းကင်အောက် မြေကြီးပေါ်တွင် ထိုသခင်ယေရှုခရစ်၏ နာမတော်မှ တပါး အခြားကယ်တင်နိုင်သော အရှင်မရှိ´´ ( တမန်တော် ၄း၁၂ ) ဟု အတိအလင်း ဆိုထားပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓက သူ၏နောက်တွင် ပေါ်ထွန်းတော်မူမည့် ရန်သူဖြစ်လျှက်ပင် မေတ္တာထားသော ကယ်ချွတ်ရှင်ကို စောင့်မျှော်ရန် အနာဂတ္တိစကားများဖြင့် ကျွန်ုပ်တို့အား မှာကြားထား ခဲ့ခြင်းပင်ဖြစ်သည်။

၃။ ဗုဒ္ဓပြောသောကယ်ချွတ်ရှင်။

သမ္မာကျမ်းစာတွင် ယောဟန် ၄း၂၅ တွင်ကြည့်ပါက ဗုဒ္ဓခေတ်တွင် အိန္ဒိယလူမျိုးများက ကယ်တင်ရှုကို မျှော်လင့်နေသကဲ့သို့ ဂျူးလူမျိုးတို့ကလည်း ကယ်တင်ရှင်ကို မျှော်လင့်စောင့်စားနေခဲ့ကြပါသည်။ အိန္ဒိယအနွယ်များနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့က ဘုရားရှင်ကို၎င်း၊ ရှမာရိနှင့် ဂျူးတို့က၎င်း မေရှိယ ( ကယ်ချွတ်ရှင် ) ကိုမျှော်လင့်နေကြသည်မှာ တစ်ဆူတည်းသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားကိုပင် မျှော်လင့်စောင့်စားနေကြခြင်းပင်ဖြစ်သည်။ ကြွလာတော်မူမည့် `ဘုရားရှင်သည်´ ဗုဒ္ဓ၏ အနာဂတ္တိစကား နှင့် ထပ်တူ ခရစ်တော်၏ သက်တော်စဉ်တွင် လုံးဝဥဿုံ ပြည့်စုံစေခဲ့ပါသည်။
ခရစ်တော်၏ ဒုက္ခရစရိယာကို ကြားနာရသည်တွင် ဗုဒ္ဓ၏ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက် နားလည်လာခဲ့ရသည်။ လက်ဖ၀ါးတော်နှင့် ခြေတော်အစုံတွင် သံမှိုစွဲခြင်းခံရမည်ဆိုသည့်အတိုင်း ခရစ်တော် အား လောကီအမိုက်သားတို့က ပြုခဲ့ကြပါသည်။  သောမက “ငါသည် ခြေတော်နှင့် လက်တော်၊ နံဘေးတော်ရှိ ဒါဏ်ချက်ရာအား ကိုယ်တိုင် ကိုင်တွယ်ခြင်းမပြုရသ၍ မယုံ´´ ဟူ၍ ဆိုခဲ့သည် မဟုတ်ပါလား?။ ခရစ်တော်သည် အလုံပိတ်ထားသော အိမ်အတွင်းသို့ ကြွရောက်တော်မူလာပြီးလျှင် “ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ…… သောမသင်သည် ငါ၏လက်ခြေနှင့် နံဘေးတော်အား လာ၍ကြည်ရှုလော ယုံမှားခြင်းမရှိလင့် … ´´ ဟူ၍ မိန်တော်မူခဲ့လေသည် ( ယောဟန် ၂၀း ၂၅-၂၇ )။
နံဘေးတော်တွင် လှံချက်ရာသည် အထင်အရှား၊ ရောမစစ်သည် တစ်ဦးက ထိုးဖေါက်ခဲ့သောအခါ နံဘေးတော်မှ အသွေးတော်နှင့် ရေသည် စီးကြတော်မူလေသည် ( ယောဟန် ၁၉း၃၄ )။ ဦးရစ်တော်ရှိ ဒါဏ်ချက်တော်တို့သည်ကား ဆူးရစ်သရဖူ၏ အကျိုးဆက်ကြောင့်ပင်ဖြစ်သည် ( မဿဲ ၂၇း၂၉ )။ ထို့အတူ “ဤသူသည်ကား ယုဒလူတို့၏ ရှင်ဘုရင်ပေတည်း´´ ဆိုသော လှောင်ပြောင်ကဲ့ရဲ့ခြင်းပင် မဟုတ်လော (မဿဲ ၂၇း၃၅ )။

၎။ထိုအရှင်သည် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်သည်။

၎င်းသည်ကား သံသရာဝဋ်ဆင်းရဲမှ လွတ်ငြိမ်းရာ “ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏´´ ဆိုသော ခရစ်တော်ဘုရားပင်ဖြစ်သည်။ “သင်တို့သည် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့် ဘုရားသခင်ကိုလည်း ယုံကြည်ကြလော၊ ငါ့ကိုလည်း ယုံကြည်ကြလော ငါ၏ အဖအိမ်၌ နေစရာ အခန်းများစွာရှိ၏၊ သင်တို့နေစရာအဘို့ပြင်ဆင်ခြင်းငှါ  ငါသွားရမည်၊ သို့မဟုတ်လျှင် မဟုတ်ကြောင်းငါပြောမည်…. ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏၊ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်ရာ´´ ဟူ၍ ခရစ်တော်ဘုရား မိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၄း၁-၃၊၆ )။ ဘုရားရှင်ပြင်ဆင်ပေးသော မဂ္ဂင်ဖေါင်ကူးတိုးဖြင့် လူတို့သည် အကန့်အသတ်မရှိ တိုးဝင်ကာ အကျွတ်တရားလမ်း နန်းအမတကို တက်လှမ်းနိုင်ကြပေသည်။

၅။ မီးလျှံကဲ့သို့သော ဥပစ္ဇျာယ်ဆရာ နှလုံးတွင် ကိန်းဝပ်မည်။

၎င်းသည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ညွှန်းဆိုခြင်းဖြစ်သည်။ “ငါ့ကိုချစ်လျှင် ငါ့ပညာတ်တို့ကို စောင့်ရှောက်ကြလော …  ခမည်းတော်သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပစ္ဇျာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်´´ ( ယောဟန် ၁၄း၁၅-၁၆ )။ အထက်ပါ ကတိတော်နှင့်အညီ တပည့်သာဝကတို့သည် တည်ရှိနေရာ အထက်ခန်းမအတွင်းသို့ မီးလျှံသဖွယ် ဥပစ္ဇျာယ်ဆရာသည် ကြွဆင်းတော်မူခဲ့လေသည်။

၆။ ရတနာသုံးပါး အဖြစ်တော်ဘုရား။

၎င်းရတနာသုံးပါးသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ညွှန်းဆိုခြင်းပင် ဖြစ်သည် ၊ ( မဿဲ ၃း၁၃-၁၇ ) အထက်ပါကျမ်းစာတော်မြတ်တွင်ကား “ထိုအခါယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန်ကလည်း၊ အကျွန်ုပ် သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော ဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊  ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။ ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။´´ ဗျာဒိတ် ၄း၂-၃ တွင်လည်း “ ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူ လည်းရှိ၏။ ထိုသူ၏အဆင်း အရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။´´ အတိအလင်းမိန့်မြွတ်ထားလေသည်။

၇။ အရိမေတ္တယျအဓိပ္ပါယ် ကယ်ချွတ်ရှင်။

မေတ္တယျ အဓိပ္ပါယ်ကား မေတ္တာရှင်၊ ကရုဏာရှင်၊ ကျေးဇူးပြုသောအရှင်ပင်ဖြစ်သည်။ ဤလောကတွင် ခရစ်တော်ဘုရား၏ မေတ္တာ၊ ကရုဏာနှင့် ယှဉ်လောက်သော သူတစ်စုံတစ်ဦးမှ မရှိခဲ့ပါ။ ခရစ်တော်သည် လောကီသားတို့အား ကားတိုင်ပေါ်၌ အသက်တော်ကို စွန့်တော်မူသည့်တိုင်အောင် အပြစ်သားများ ဖြစ်ကြသော လောကီသားတို့အား ကရုဏာထားတော်မူခဲ့လေသည်။ ခရစ်တော်ဘုရား ယုံကြည်လက်ခံ သော သူတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရ အပြစ်စီရင်ခြင်းမှ လွတ်ကင်းလေသည် ( ယောဟန် ၃း၁၆၊ ၅း၂၄၊ ၁ ယော ၄း၇ )။ ထို့ကြောင့်လည်း ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ ( ရောမ ၅း၈၊ ယောဟန် ၁၅း၁၃ )။ ကျွန်ုပ် ဗုဒ္ဓဘာသာတွင် ဘုရားနှင့်လူသည် ရန်ဘက်ဟူ၍ဖြစ်စရာ အကြောင်းလုံးဝမရှိပါလေ၊ သမ္မာကျမ်းစာတွင်ကား ဘုရားဖန်ဆင်းတော်မူခဲ့သောလူသည် နားမထောင်ခြင်းကြောင့် ဘုရားစာရေ၊ တရားစာရေသင့်ကာ အပြစ်သား၊ ရန်သူဘ၀သို့ ရောက်ခဲ့ရကြောင်းကို အတိအလင်းပင် ဆိုထားခဲ့လေ သည်။ ဖန်ဆင်းခံများဖြစ်သောကြောင့် “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင် ဖြစ်ကြလေ သည်´´ ဟုစာဆိုရှိခဲ့ကြခြင်းပင်ဖြစ်သည်။

၈။ ကောင်းကင်ဘုံလော၊ နိဗ္ဗာန်လော?

နှစ်ခုလုံးသည် သေသည်၏ အခြားတစ်ဖက်၌ ယုံကြည်ကြသော်လည်း နားလည်မှုခြင်းကား လုံးဝ မတူညီကြပါ။ ဗုဒ္ဓဘာသာတွင် အဓိပ္ပါယ်နှစ်မျိုးဖြင့် ယုံကြည်ကြပါသည်။ ၎င်းမှာ –
( ၁ ) လူသည် သေပြီးနောက်အရာခပ်သိမ်းချုပ်ငြိမ်းခြင်း။
( ၂ ) အို၊ နာ၊ သေခြင်းကင်းသော အန္တိမသုခချမ်းသာဘုံ ဟူ၍ဖြစ်သည်။
ခရစ်ယာန်တို့၏ ယုံကြည်ချက်ကား ကောင်းကင်ဘုံသည် ဘုရားမြတ် စံပါယ်တော်မူရာဖြစ်ပြီး၊ ဘုရားအနွယ်ဝင် သူတော်စဉ်တို့သည် ထိုနေရာ၌ အန္တိမ သုခချမ်းသာကို ခံစားကြရမည်ဖြစ်သည်။ ကောင်းကင်ဘုံသည် ပိုင်ရှင်ရှိသောကြောင့် လူတို့သည် ကြိုက်ရာနည်းလမ်းဖြင့် သွား၍မရနိုင်ရာ၊ ချမှတ်ထားသော နည်းလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ယေရှုခရစ်တော်ဘုရားက သွား၍ နေစရာအရပ် အခန်းများကို ပြင်ဆင်မည်ဟု မိန့်တော်မူသောပိုင်ရှင်ပင်ဖြစ်ပါသည် ( ယောဟန် ၁၄း၁-၃ )။ ထိုအတူ လမ်းခရီးလည်းဖြစ်တော်မူပါသည် “ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏ ငါ့ကို အမှီမပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်နိုင်´´ ( ယောဟန် ၁၄း၆ )။ ထိုနည်းတူ “ ကောင်းကင်နိုင်ငံတော်၏ တံခါးဝင်ပေါက်´´ ဖြစ်ကြောင်းလည်း ဆိုထားမိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၀း၉-၁၀ ) “ ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ´´။

ကောင်းကင် သို့မဟုတ် နိဗ္ဗာန်သို့ ၀င်ရောက်ရာလမ်းသည် ခရစ်တော်ဘုရားမှ တစ်ပါး အခြားလမ်းခရီးမရှိကြောင်းကို ကျွန်တော် ကောင်းစွာသိမြင်လာရပါလေတော့သည်။
“အရင်ကျသည် နောက်ကျသည်ကအရေးမကြီး၊ မည်သူမည်ဝါဖြစ်သည်နှင့် ရည်ရွယ်ချက်သည်သာအရေးကြီးသည့် ပဓါနဖြစ်သည်၊ ဂေါတမနှင့် ယေရှုခရစ်တော်ဘုရား၏ ရှုထောင့်နှစ်မျိုးလုံးတွင် ကွဲပြားခြားနားလှပေသည်´´
Inta Chanthavongsouk
၁။ဗုဒ္ဓကျမ်းဂန်မှစကားများ။
လများကုန်သည်နှင့်အမျ၊ ကျွန်တော် ဂေါတမ၏ စကားများကို လေ့လာနေလိုက် သမ္မာကျမ်းစာနှင့် ချိန်ထိုးလိုက်ဖြင့် ဗုဒ္ဓ၏ ( ၇ ) ကြိမ်မြောက်တည်းဖြတ်ခြင်း စာမျက်နှာ ၃၃၀ တွင် ဤသို့တွေ့ရလေသည်။
“ကြည့်ရှုလော အမျိုးသမီးတစ်ဦးသည် ရဟန်းမအဖြစ် ( သင်္ကန်းဝတ်) မရှိလာပါက၊ ဗုဒ္ဓဘာသာသည့် ၅၀၀၀ ကြာလိမ့်မည်၊ အကယ်၍ရှိလာပါက ၅၀၀ သာဖြစ်လိမ့်မည်၊ ဤကားငါ၏ သွန်သင်ချက်၏ အရှည်တည်တံ့ရာကာလဖြစ်လိမ့်မည်´´။
ထို့နောက် ၂၃ ကြိမ်မြောက် စာမျက်နှာ ၃၈၉ တွင် ဂေါတမီအမည်ရှိသော အမျိုးသမီးသည် သာသနာ့ဘောင်ဝင်ရောက်ရန် ခွင့်တောင်းလေရာတွင် ခွင့်ပြုချက်ရ၍ သာသာနာ့ဘောင်သို့ဝင်ရောက်ခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏စကားတော်အရ သွန်သင်ချက်တို့သည် နှစ် ၅၀၀ သာတည်ရှိခဲ့လေသည်။
သာသနာနှစ်နှင့် သက္ကရာဇ်ကို ချိန်ထိုးကြည့်ရာတွင် ဗုဒ္ဓ၏နောက်နှစ်ပေါင်း ၅၀၀ အကြာတွင် ခရစ်တော်မြတ်ဘုရားကြွလာတော်မူကြောင်းကို မြင်တွေ့ရခြင်းက အဘယ်မျှ ဆန်းကြယ်မှုနည်း။
ထို့အတူ တဘောင့်စကားလည်းရှိခဲ့၍ လူအသီးသီးတို့က သီဆိုကြသည်မှာ “ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဟူ၍ပင်ဖြစ်သည်။ ၎င်းတဘောင်စကားနှင့် ဗုဒ္ဓ၏ အနာဂတ္တိစကားအရ သာသနာနှစ် ၅၀၀ နောက်တွင် မေတ္တာတော်ရှင် ဘုရားပေါ်ထွန်းတော်မူမည်ဟူ၍ပင်ဖြစ်သည့်အတိုင်း ဘုရားရှင်က သားတော် ယေရှုခရစ်တော်ကိုစေလွတ်၍ လူ့ဇာတိကိုခံယူစေကာ လူတို့အားအပြစ်မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့လေသည်။ အထက်ပါ အကြောင်းအရာတို့သည် တိုက်ဆိုင်မှုလား? ဘုရားမြတ်၏ အကြံအစည်တော်လား? စသည်တို့ကို သိမြင်တတ်ကြပါစေ။ လူမျိုးအပေါင်းတို့အတွက် သမ္မာကျမ်းစာတော်မြတ်က ဤစကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်ကစေလွတ်တော် အကြံအစည်တော်မြတ်ဖြစ်ကြောင်း ဖေါ်ပြထားခဲ့ပါသည်။
ခရစ်တော်ဘုရားသည် လူ့ဇာတိကို ခံယူခဲ့ခြင်းမှာ လူသားတို့မျှော်လင့်စောင့်စားနေသည့်အတိုင်း မေတ္တာတော်ရှင်၊ ကယ်ချွတ်အရှင်ဖြစ်ကြောင်း ဘုရားမြတ်ကသိရှိစေပါသည်။ အဘယ်ကဲ့သို့သောအားဖြင့် ယေရှုခရစ်တော်ဘုရားကို ကျွန်ုပ်တို့ငြင်းပယ်၍ ဥပေက္ခာပြုနိုင်ပါအံ့နည်း။ ဗုဒ္ဓက သူ၏နောက်တွင် ကြွလာတော်မူမည့် မေတ္တာတော်ရှင်ဘုရားတည်ရှိကြောင်းနှင့် ထိုကယ်ချွတ်ရှင်ဖြစ်ကြောင်းကို ပေါ်လွင်စေခဲ့ပါသည်။ ထိုအချိန်က ခရစ်တော်ဘုရားအား ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်ခြင်းက ဗုဒ္ဓ၏အနာဂတ္တိစကားတော်ကို လက်ခံယုံကြည်ခြင်းနှင့် ထပ်တူထပ်မျှကျခဲ့လေသည်။
ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဂေါတမက အလင်းမရခင်မှာ သိဒ္ဓတ္ထအမည်ဖြင့်ဖြစ်ကြောင်း သင်ယူခဲ့ရလေသည်။ ဘီစီ ၅၄၃ တွင် သုဒ္ဓေါဓနနှင့်  မယ်တော်မဟာမာယာတို့၏ သားဖြစ်ပြီး အိန္ဒိယမြောက်ပိုင်း ကပိလ၀တ်ပြည်ရှင်ဘုရင်တို့မှ မွေးဖွားခဲ့သည်။ ထိုအချိန်က မိဘများတို့ ဟိန္ဒူဘာသာနှင့် ဘုရားအများကို ကိုးကွယ်ယုံကြည်၍ သံသရာကိုလည်း လက်ခံယုံကြည်ခဲ့ကြလေသည်။
သိဒ္ဓတ္ထမင်းသားသည် အတတ်ပညာများကို သင်ယူတတ်မြောက်ပြီးသော်လည်း နိုင်ငံရေးထက် ဘ၀နောင်ရေးကိုသာစိတ်ဝင်စားခဲ့သည်။ အကြောင်းမှာ လူဆိုတာဘာလဲ? ဘယ်ကလဲ? ဘာကြောင့် ဤကမ္ဘာမှာရှိနေရသနည်း? ဘယ်ကိုသွားကြမည်နည်း? စသောအကြောင်းတရားတို့ကြောင့်ပင်ဖြစ်သည်။
ထိုမေးခွန်းမျိုးကို ကျွန်တော်လည်း ခံစားခဲ့ရလေသည်။ သိဒ္ဓတ္ထသည် ထိုအဖြေများကို ရရန်အရေး ဟိန္ဒူဘာသာဆရာကြီးများထံတွင် သင်ကြားခြင်းများပြုခဲ့သော်လည်း ကျေနပ်လောက်သော အဖြေကိုမရရှိခဲ့ပေ။
အသက် ၁၆ နှစ်တွင် ယသော်ဓယာ နှင့် လက်ထပ်ထိမ်းမြားပြီး၊ သားတော်ရာဟုလာနှင့် အခြားသော သားသမီးများကို ဖွားမြင်ခဲ့လေသည်။  သို့တိုင်အောင် သူသည် ဘ၀အတွက် အဖြေများကို ရှာကြံရန် လက်မလျှော့ခဲ့၊ အသက် ၂၉ နှစ်အရွယ်တွင် သမ္မာတရားကို ရှာဖွေရန် စည်းစိမ်ဥစ္စာ၊ သား၊ မယားတို့ကိုစွန့်ခွါ၍ ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့လေသည်။ သမ္မာတရားအလင်းကို သိရှိလာပြီးနောက်တွင် ဗုဒ္ဓဘာသာတို့၏ ခေါင်းဆောင်ဖြစ်လာလေတော့သည်။
၂။အရင်ကျခြင်း၊ နောက်ကျခြင်း ဘယ်ကအရေးကြီးသနည်း?
ခရစ်တော်၏အကြောင်း သက်သေခံဝေငှရာတွင် ကျွန်ုပ်တို့အရပ်ဒေသ၌ မကြာမကြာကြားရသည်မေးခွန်းမှာ အထက်ပါအရာတွင် မည်သည်က အရေးပါသနည်း? အရင်ဦးသူလား? နောက်ကျသူလား? ဆိုသော အရာပင်ဖြစ်သည်။ တစ်စုံတစ်ဦးက –
“ဂေါတမက အရင်ကျတော့ သာ၍ကြီးမြတ်တယ်၊ သူကအလင်းကိုရရှိပြီး အနာဂတ္တိစကားကိုပြောကြားခဲ့တယ်၊ ဒါ့ကြောင့် သူသာပဓါန´´
အခြားသူက-
“ယေရှုက နောက်မှကြွလာတယ် ဒါ့ကြောင့် သူကသာ၍ကြီးမြတ်တယ်“ ဟူသတည်း။
သာ၍လေ့လာသည်နှင့်အမျှ ကျွန်ုပ်နားလည်လာရသည်ကား `နှစ်ဦးလုံးသည် ကောင်းသော်လည်း ဂုဏ်အင်္ဂါနှင့် ရည်ရွယ်ချက်တို့သည် လွန်စွာကွဲပြားခြားနားလှပေသည်၊ ၎င်းတို့မှာ-
ဗုဒ္ဓဂေါတမ
– သူမဖွားမီသူ့ကိုဘယ်ကလာသည်ကိုမသိရကြ။
-အိန္ဒိယဘုရင်တို့မှမွေးဖွား။
-လူသာမန်ဖြစ်၍ တရားကျင့်၍ဘုရားဖြစ်သည်ဟု လူတို့သတ်မှတ်။
-မယ်တော်အိမ်မက်မှ သာမန်ဖွား။
-လူတို့အသွေးအသားဖြင့် သန္ဓေတည်။
– နိမိတ်လက္ခဏာကြီးစွားမပြခဲ့။
-ဇနီးမယးများရှိခဲ့။
-တက်သားအဆိပ်တက်၍ အသက် ၈၀ တွင် ရည်ရွယ်ချက်မဲ့ဖြင့် ဆုံးပါးခဲ့ရ။
-ထာဝရသေခြင်း။
-သေပြီးနောက်ဘယ်ရောက်သည်ကို မည်သူမျမသိ။
-သူ၏လက်ရှိကိုမည်သူမျှ မသိ။
-ဘယ်သောအခါမှ ပြန်လာနိုင်မည်မဟုတ်။
ယေရှုခရစ်တော်
-ဘုရားဖြစ်၍၊ ဖန်ဆင်းရှင်ဖြစ်တော်မူသည်။
-အစ္စရေးဘုရင်အနွယ်တို့မှ ၀ိညာဉ်တော်ဖြင့်ဖွား။
– ထာဝရဘုရားဖြစ်၍ ကယ်တင်အံ့သောငှါကြွလာ။
-ဘုရားအကြံတော်မြတ်အတိုင်းပြည့်စုံလာသူ။
-သွေးသားမပါ ၀ိညာဉ်တော်ဖြင့်ဖွား။
– သာမန်လူတို့ကဲ့သို့ပညာသင်ယူခဲ့ရ။
-ကြီးစွာသော နိမိတ်လက္ခဏာပြခဲ့။
-ဥာဏ်ပညာတို့၏အရှင်ဖြစ်သည်။
-ဇနီးသားမယားမရှိခဲ့။
– သက်တော် ၃၃  တွင် ကားစင်ထက်တွင် အပြစ်တရားအတွက် အသက်စွန့်လှူပူဇော်ရင်း အသက်စွန့်တော်မူခဲ့။
-အနာဂတ္တိစကားအတိုင် သေခြင်းမှ အောင်မြင်တော်မူခဲ့။
-ရက်လေးဆယ် ကိုယ်ထင်ရှားပြသခဲ့၍ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရာမျက်မြင်သက်သေရှိခဲ့။
-ခမည်းတော်လင်္ကျာဘက်တွင် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုပေးနေသည်။
– ပြန်ကြွလာ၍ တရားစီရင်အုပ်စိုးတော်မူမည်။
အထက်ပါကွဲပြားခြားနားသော ဆယ့်သုံးချက်က သိဒ္ဓတ္ထနှင့် ခရစ်တော်ယေရှုဘုရား၏ သဘောသဘာဝကို ကွဲကွဲပြားပြားသိမြင်စေပါသည်။ ထိုကြောင့် အရင်ကျသည် နောက်ကျသည် ဆိုသည်တို့သည် အဓိကမကျ ဂုဏ်ရည်နှင့် ကြွလာခြင်းပန်းတိုင်သာ အဓိကကျ၍ အရေးပါလှပေသည်။
ဗုဒ္ဓဂေါတမသည် သမ္မာတရားကို ရှာဖွေသူ။
ယေရှုခရစ်က `ငါသည်သမ္မာတရားဖြစ်၏´ ဟုမိန့်တော်မူသောအရှင်ဖြစ်သည်။ ယောဟန် ၁၄း၆၊ ၅း၂၄။
“မြည်းစမ်းသူသာ ရောင့်ရဲခြင်းရှိ၍၊ မမြည်းစမ်းသူသည် ၀လင်ရောင့်ရဲနိုင်လိမ့်မည်မဟုတ်´´
“တမလွန်နောင်ရေးအကျွတ်တရားအား ကိုယ်တိုင်ခံယူမှရပေမည်၊ ဆွေမျိုးသားခြင်းများနှင့် မစပ်ဆိုင်ပေ´´
Inta Chanthavongsouk
ကယ်တင်ရှင်ကြွလာမည့်အနာဂတ္တိစကားတော်။
ယခင်ပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံတွင်း တဘောင်စကားမှာ “ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဆိုသည့်အရာပင်ဖြစ်သည်။
“ထိုအရှင်သည် ကျေးလက်ဇနပုဒ်တွင် နွမ်းပါးစွာမွေးဖွားခြင်းကို ခံရငြားလည်း၊ ကြီးစွာသော တန်ခိုးရှိတော်မူ၏။ ထိုသူ၏ ခန္ဓာတွင် ဒါဏ်ချက်ရာတော်များကြောင့် ကျွန်ုပ်တို့သည်  မကြည့်မမြင်လိုကြ၊ ထိုအရှင်ကြွလာချိန်တွင် ပမာမခန့်ပြုသူများ စီရင်ခြင်းကိုခံရ၍၊ ရိုသေခန့်ငြားသောသူမူကား အပါယ်ငရဲသို့ မရောက်ရ´´ ဆိုသော ရိုးရာတဘောင့်စကားအတိုင်း ခရစ်တော်အကြောင်း လေ့လာရာတွင် ကျွန်ုပ်တို့ အချင်းအရာကာလကို ရှင်းလင်းစွာသိမြင်လာလေတော့သည်။ အထက်ပါ အကြောင်းအရာများတို့သည် ၏သည်မလွဲ အသေးစိတ်အောက်ပါအတိုင်း လေ့လာခဲ့ပါသည်။
က။  “ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊´´
ဂေါတမက အထက်ပါအနာဂတ္တိစကားကို ပြောခဲ့ပြီးနှစ်ငါးရာ လေးဆယ့်သုံး ( ၅၄၃ )အရောက်တွင် ခရစ်တော်ဘုရားကြွလာတော်မူခဲ့လေသည်။ ဂေါတမက သူ၏သာသနာတွင် အမျိုးသမီး ရဟန်းပြုခဲ့ပါက သူ၏သာသနာသည် ၅၀၀သာတည်မည်ဟု ဆိုခဲ့သည့်အတိုင်း ၊ အမျိုးသမီးသည် သာသနာ့ဘောင်သို့ ၀င်ရောက်သည်ကို ကျွန်ုပ်တို့သိရှိခဲ့ကြရလေပြီ။
ခ။ “ကျေးလက်ဇနပုဒ်၌ နွမ်းပါးစွာမွေးဖွား´´
ခရစ်တော်သည် ကတိတော်အတိုင်း ရှင်ဘုရင်နွယ် ဒါဝိဒ်အမျိုးဖြစ်သော်လည်း၊ လက်သမားတည်းဟူသော ယောသပ်အားဖြင့် လူ့ဇာတိကို ခံယူခဲ့ကာ ကျည်လည်ခဲ့ရလေသည် ( မဿဲ ၁၃း၅၅ )။ ဖွားမြင်ခြင်းကို ခံယူရာတွင် နန်းတော်တွင်း၌ မဟုတ် နွားစားခွက်ထဲတွင်ဖြစ်သည် ( လုကာ ၂း၆-၇ )။ ဖွားမြင်တော်မူရာတွင် ဗက်သလင်ဟင်သည်လည်း လူတကာ၏ အထင်သေးခြင်းခံရသော ကျေးလက်ဇနပုဒ်ပင်ဖြစ်သည် ( မိက္ခာ ၅း၂၊ မဿဲ ၂း၁-၆ )။ အထက်ပါ အကြောင်းအချင်းအရာတို့သည် သမ္မာကျမ်းစာနှင့်သာမက ဗုဒ္ဓ၏ အနာဂတ္တိစကားတို့နှင့်လည်း ကိုက်ညီကာ ၏သည်မလွဲ ထပ်အပ်မကွာဖြစ်လေသည်။
ဂ။ “ကြီးစွာသော တန်ခိုးရှင်´´
ကျွန်ုပ်တို့သည် အင်္ဂလိပ်သင်ကြားရေး အတန်းတွင် ခရစ်တော်၏ သက်တော်စဉ်ကို ဖတ်ရှုရာတွင် လူထုအကြားတွင် ကြီးစွာသော တန်ခိုးများပြသတော်မူခဲ့သည်ကို တွေ့ရပါသည်။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း ( မဿဲ ၁၅း၂၉-၃၁) နတ်ဆိုးတို့ကိုနှင်ထုတ်ခြင်း ( မဿဲ ၈း၈-၃၄)၊ ရေပေါ်တွင် စင်္ကြံကြွတော်မူခြင်း ( မဿဲ ၁၄း၂၅-၂၇) ၊ သေသူတို့ကို ထမြောက်စေခြင်း ( ယော ၁၁း၃၈-၄၅ )၊ ကိုယ်တော်တိုင် သေခြင်းမာရ်ကို အောင်မြင်တော်မူခဲ့ခြင်း ( ယော ၂၀း၁-၁၀)။ ၎င်းတို့သည် လောက၌ အနှိုင်းမဲ့၊ အတုမဲ့သော ပြုတော်မူခဲ့သော ကြီးစွာသော တန်ခိုးနိမိတ်လက္ခဏာတို့ပင်ဖြစ်လေသည်။
ဃ။ “ကြီးစွာသော ဒါဏ်ချက်တော်များ´´
ဧ၀ံဂေလိ လေးကျမ်းတွင် မတရားစွာ ရုံးတင်စစ်ဆေးခြင်းခံရပြီး ကြီးစွာသော ရိုက်နှက်ခြင်းကို ခံရတော်မူကြောင်းကို ဖေါ်ပြထားပါသည် ( လု ၂၂း၆၃-၆၅၊ ၂၃း၁၆-၁၇၊ မဿဲ ၂၇း၂၇-၃၁)။ ထို့အပြင် ခရစ်တော်အား လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းကိုခံတော်မူခဲ့ရလေသည် ( ယော ၁၉း၁၈) သာမက နံဘေးတော်အားလှံနှင့် ထိုးဖေါက်ခဲ့ကြလေသည် ( ယော ၁၉း၃၄)။ ထိုအချင်းအရာအားလုံးတို့သည် ဗုဒ္ဓဂေါတမ၏ အနာဂတ္တိစကားတော်များတွင် ရုပ်လုံးဖေါ်ပြဆိုထားပြီးဖြစ်လေသည်။ ရိုက်နှက်ခြင်း၊ ဒါဏ်ချက်ရာအပြည့်ဖြင့် လူပုံအလယ်တွင် အရှက်ကွဲခြင်းခံရပြီး မြင်ရသူအဖို့ ကျောခိုင်းကြမည်ဟူ၍ ဆိုထားလေသည်။ လူအပေါင်းတို့သည် လက်ခံယုံကြည်မည့်အစား ပမာမခန့်ပြုကြသည်မှာ အဆန်းတကြယ်မဟုတ်တော့ပါလေ။
သမ္မာကျမ်းစာတွင် ယော ၃း၁၈ ၌ “ ထိုသူကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ၊ မယုံကြည်သောသူမူကား ယခုပင်စီရင်ခြင်းကိုခံရပြီ´´ ဟူ၍ ဆိုထားလေသည်။ ယော ၃း၃၆ တွင် “ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏၊ သားတော်ကို မယုံကြည်သောသူမူကား ထာဝရအသက်ကို မတွေ့ရ ဘုရားသခင်၏ အမျက်တော်သည် သူ့အပေါ်တွင်တည်နေ၏´´ ဟူ၍ ဆိုထားပါသည်။
မဿဲ  ၁၀း၃၂-၃၃ တွင် “ အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။
တဖန် ရောမ ၁၀း၉ တွင် “ အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။´´ ဆိုထားတော်မူလေသည်။ ဗျာဒိတ် ၂၀း၁၉ တွင် “အသက်စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့သည် မီးအိုင်ထဲသို့ ချပစ်တော်မူ၏´´ဟူ၍ဆိုထားလေသည်။ ထိုမီးအိုင်သည် လူသားတို့အတွက် ဒုတိယနှင့် နောက်ဆုံး စီရင်ခြင်းတရားပင်ဖြစ်လေသည်။ ကယ်ချွတ်ရှင်၏ အသက်စာစောင်စာရင်းတွင် ရေးမှတ်ခြင်းခံရသောသူတို့မူကား ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ခရစ်တော်၏ ကတိတော်နှင့်အညီပြင်ဆင်ထားသော နန်းအမတ အန္တမပန်းတိုင် သုခချမ်းသာကို ခံစားကြရပေမည်။
“အပြစ်သားဖြစ်သောကြောင့် သူသည် မီးအိုင်ထဲ့သို့ ပစ်ချခြင်းခံရသည်မဟုတ်၊ ခရစ်တော်ဘုရားပေးသော အပြစ်လွတ်ခြင်းတရားကို လက်မခံသောကြောင့်သာလျှင်ဖြစ်သည်´´

ကျွန်တော်ဒီဗုဒ္ဓမြတ်စွာဘုရားဆိုတဲ့ သူ၏တရားဟောချက်ကို အနည်းငယ် လေ့လာတဲ့အခါမှာ ကျွန်တော့်ရဲ့စိတ်နှလုံးသားထဲမှာ တို့ထိပါတယ်။ ဘာကြောင့် လည်းဆိုရင် တရားဟောဆရာတစ်ယောက်ဟာ သူ့ရဲ့ခံစားချက်ကို ဟောကြား သောသူများပါသည်။ ဒါပေမဲ့ ဓမ္မကျမ်းစာကိုလေ့လာတဲ့အခါမှာ အရှေ့ တိုင်းနိုင်ငံမှာ သိပ္ပံပညာရှင်သုံးဦး အကြောင်းတွေ့ရပါတယ်။ အနောက်ပိုင်းနိုင်ငံ မှာ ပရောဖက်ဟေရှာယ တွေ့ရတယ်။ မြောက်ပိုင်းတိုင်းနိုင်ငံမှာ ပရောဖက် မိက္ခာတွေ့ရတယ်။ တောင်ပိုင်းတိုင်းနိုင်ငံမှာ ပရောဖက် ယေရမိနောက်ဆုံး ဟောကြားခဲ့ပါသည်။အရှေ့တိုင်းနိုင်ငံမှာ ကျွန်တော်၏ အမြင်သည် ဗုဒ္ဓမြတ်စွာ ပရောဖက်ဖြစ်သည်ဟု ထင်ပါသည်။
ထို့ကြောင့် မြန်မာလူမျိုး အရှေ့တိုင်းလူမျိုးများသည် သူ၏တရား ဟောချက်ကို သဘောမပေါက်သောကြောင့်ဖြစ်ပါသည်။ အမြင်နှင့် အထင် လွှဲသောကြောင့်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် ဘုရားတစ်ဆူရှိ၏။ တခြားဘုရားမရှိဟု ဟောခဲ့ပါ သည်။ ငါ့နောက် ဘုရားတစ်ဆူပွင့်မယ်ဟု ဟောခဲ့ပါသည်။ ဘုရားတစ်ဆူထက် ရှိသည်ဟုပြောချက်မှာ ယေရှုဘုရား (ခေါ်) အရိမေတ္တယျ ဘုရားတစ်ဆူပွင့်မယ်။ နောက်ဘုရားမရှိဘူးဟု ဟောခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား (ခေါ်) အရှင်အရဟံ ဟာ ငါနှင့် အလွယ်ရင် ဘုရားတစ်ဆူမှာမရှိဟု ပြောရမည်။ မပြောဘူး၊ သူ့နောက်ပွင့်မည် အရိမေတ္တယျ (ခေါ်) ယေရှုသခင်ဘုရားအကြောင်းကို ဟောခဲ့ သူဖြစ်ပါသည်။ ဘုရားဆိုတာ ငါသည်သင်တို့ကို ကယ်တင်ရှင်ဖြစ်သည်။ အပြစ်တရားမှ လွတ်မြောက်စေတယ်ဟု ဟောသောဘုရား၊ အရိမေတ္တယျ (ခေါ်) ယေရှုဘုရားသခင်ဖြစ်ပါသည်။  ယနေ့ကျွန်တော်ခံစားချက်တရား အရိမေတ္တယျ (ခေါ်) ယေရှုနာမတော်ဖြင့် ဆုတောင်းမေတ္တာပို့လိုက်ပါသည်။
ဖတ်သောသူတိုင်း ဘုရားသခင်ကောင်းကြီး ခံစားပါစေ။

စန္ဒသူရိယမင်း၏ ကိုယ်စားဖြစ်လာသော ယတြာအရုပ်သည်၊ ၎င်းမင်းကွယ်လွန်သည့်နောက် ဓည၀တီရခိုင်ပြည်ကို အစိုးရသော လောက်ကြတ်မြို့၊ ဥဇနမင်းကြီး၏ သားတော် စောမွန်မင်းလက်ထက်တွင် သက္ကရာဇ် ၇၆၈ ခုနှစ်ကစ၍  ၂၁ နှစ်နှင့် ငါးလတိုင်တိုင် တလိုင်းမင်းတို့သည် အကြိမ်ကြိမ် တိုက်ခိုက်ကြသောအခါ ရခိုင်ဘုရင် မင်းစောမွန်သည် အနောက်မစ္ဈိမဒေသ၊ ပသီနိုင်ငံ၊ စူလတံ ရှင်ဘုရင်ထံသို့ ပုံးရှောင်ခိုအောင်းနေရကြောင်းကို၊ ပကိဏ္ဏက ရာဇ၀င် တစ်စောင်တွင် တွေ့ရလေသည်။ ၎င်းအချိန်ကာလ၌ တလိုင်းလူမျိုးတို့သည် စန္ဒသူရိယမင်း၊ ယတြာအရုပ်ကို တွေ့မြင်လျှင် စိတ်မာန်ဒေါသရောက်၍ ၎င်းစန္ဒသူရိယမင်း၏ ကိုယ်စား အရုပ်ကြီးကို ခါးလယ်ပိုင်းကာ ငါးပိုင်းပိုင်းကာ ဖိုလ်နှင့်ထိုး၍ ဖျက်ဆီးခဲ့ကြလေသည်။ တလိုင်းလူမျိုးတို့ဖြင့် ကြိုးဖြင့်စွဲကာ ၎င်းနေရာနှင့် အတော်ဝေးသော တောအရပ်တွင် ချိုင့်တွင်းသို့ ပစ်ချခဲ့လေသည်။ ဤကဲ့သို့ ကျိုးပဲ့ပျက်စီးခြင်းအကြောင်းကို နောက်ရေးသားသော ရခိုင်ရာဇ၀င်၊ ရခိုင်ဧချင်းတို့၌ပြဆိုထားလေသည်မှာ ရှင်တော်ဂေါတမအလောင်း နုစဉ်အခါက မာန်အောင်ကျွန်းတွင် မင်းဖြစ်၍ တောင်သူတို့၏ ခြေလက်ပေါင်တို့ကို ချိုးဖဲ့ခဲ့ဘူးသော ၀ါပကကံ မင်းသားငါးယောက်တို့၏ နောက်ကျောကို နှုတ်ခဲ့ဘူးသော ၀ိပါကကံတို့ကြောင့် ဤကဲ့သို့ ဖျက်စီးခံရသည်ဟူ၍ ရေးသားထားကြလေသဘည်။ သီပေါ ရှင်ဘုရင်လက်ထက် ၁၂၄၅ ခုနှစ်တွင် နှောင်တန်ခူးလဆန်း ၁၂ ရက်နေ့၊ မန္တလေးမြို့ကို မီးလောင်သောအခါ ၎င်းမဟာမြတ်မုနိ ရုပ်တုလည်း မီးလောင်ရာပါ၍ အရည်ပျော်မတတ်၊ ကွဲအက်သည့်တိုင်အောင် ဖြစ်ရသည့်အကြောင်းကို၊ ဘယ်ဝိပါက ၀တ်အတွက်ဖြစ်ရသည်ဟု ရခိုင်ရာဇ၀င်ဧချင်းတို့၌ မဖေါ်ပြခဲ့။ ၎င်းအကြောင်းအရာကို ရှင်တော်ဂေါတမ နုစဉ်အခါက ဘယ်အမှုကို ပြုခဲ့သောကြောင့်၊ မန္တလေးနေပြည်တော်တွင် ကိုယ်စားတော် ရုပ်ပွားဤသို့ဖြစ်ရသည်ဟူ၍၊ ရဟန်းရှင်လူတို့က၊ သမိုင်းအဆက်ဆက် ရေးဦးမည်လား မသိနိုင်တော့ပေ။

၎င်းမဟာမြတ်မုနိ အကျိုးအပဲ့ဖြစ်ရခြင်းကိုကား မဟာရာဇ၀င်ကြီး၌ ပြဆိုသည်မှာ သက္ကရာဇ် ၄၈၀ ပြည့်နှစ်တွင် ၎င်းရခိုင်ပြည်ကို အုပ်စိုးသော လင်္ကျာနံမင်းနှင့်၊ ပေါက္ကံပြည်ကို အုပ်စိုးသော၊ နရပတိစည်သူမင်းတို့သည် မဟာမိတ်ဖြစ်၍ ၎င်းရုပ်တုကို မြန်မာ၊ ပြူ၊ တလိုင်း လူသုံးမျိုးတို့သည် ချိုးဖဲ့ဖျက်ဆီးခဲ့ကြောင်းကို ပြဆိုသည်။ ၎င်းအကြောင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် အကယ်၍ အလောင်းစည်သူမင်း ပင့်ဆောင်၍ မရပါလျှင်၊ ရှင်တော်ဂေါတမကိုယ်စား ရုပ်ပွားတော်အား မရိုမသေ ချိုးဖဲ့ဖျက်ဆီး၍ ပစ်ခဲ့မည်မဟုတ်ချေ။ ရခိုင်ရာဇ၀င်ဟောင်းတစ်စောင်၌ တွေ့ရသည်မှာ ၎င်းနရပတိစည်သူမင်းသည် ရခိုင်ရှင်ဘုရင် စောမွန်မင်း၏ ညီတော်ဖြစ်သော မင်းစာရီနှင့် မဟာမိတ်ဖြစ်ကြ၍  သက္ကရာဇ် ၈၁၆ တွင် ရခိုင်ပြည်နှင့်  မြန်မာပြည်အကြား၊ ဘိုးခေါင်တော်ရိုးကို နယ်ပယ်အပိုင်းအခြား၊ သဘောတူ ဘုရင်နှစ်ပါးအရုပ်ကိုပြုလုပ်ကြောင်းကို ပြဆိုသည်။ မဟာမြတ်မုနိကို ပင့်ဆောင်သည်ဟု အရိပ်အမြွတ်မျှ မပြဆိုပါ၊ ဤကား မြန်မာရာဇ၀င်ကြီးနှင့် မညီဖြစ်သတည်း။  ဤကား မဟာမြတ်မုနိ ရုပ်တုအကြောင်းကို ပြဆိုခြင်းသက်သက်သာဖြစ်သတည်း။

Tag Cloud

Follow

Get every new post delivered to your Inbox.

Join 49 other followers